Sonorous Zen တွင် ငွေထုတ်ယူခြင်း

ROYALTIES & PAYMENTS

10/25/20221 min read

Sonorous Zen တွင် ငွေထုတ်ယူခြင်း

Sonorous Zen တွင် သင့်ရဲ့ ဂီတလုပ်ငန်းမှရရှိသော ဝင်ငွေများကို လျင်လျင်မြန်မြန်နှင့် လုံခြုံစွာ ထုတ်ယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင့်ဘဏ်အကောင့် သို့မဟုတ် Kpay အကောင့်သို့ တိုက်ရိုက်ငွေလွှဲပေးခြင်းဖြင့် သင့်ဝင်ငွေများကို အလွယ်တကူ ရယူနိုင်စေပါသည်။

ငွေဘယ်လိုထုတ်ယူမလဲ?

သင့်ဝင်ငွေများကို ထုတ်ယူရန် အောက်ပါအဆင့်များကို လိုက်နာပါ။

  • ၁.Sonorous Zen Dashboard သို့ ဝင်ရောက်ပါ။

  • ၂.''Wallet" ကိုသွားပြီး "Withdraw" ကို နှိပ်ပါ။

  • ၃.သင့်ငွေကို ဘဏ်အကောင့် သို့မဟုတ် PayPal အကောင့်သို့ လွှဲပို့လိုသည်ကို ရွေးချယ်ပါ။ အကယ်၍ သင့်တွင် Bank/PayPal မရှိပါက၊ သင့် Kpay အကောင့်သို့ တိုက်ရိုက်ငွေပေးပို့ရန် Customer ဝန်ဆောင်မှုကို ဆက်သွယ်နိုင်သည်။

  • ၄. သင်ထုတ်ယူလိုသောပမာဏကို ထည့်သွင်းပါ။

  • ၅.ငွေထုတ်ယူမှုကို အတည်ပြုပါ။

ငွေကြေးလွှဲပြောင်းမှုနှင့် စည်းမျဉ်းများ

  • လုပ်ငန်းခွန် $2.99

  • အနည်းဆုံးထုတ်ယူနိုင်သော ပမာဏ $25

ငွေလဲနှုန်း
ငွေလဲနှုန်းကို သင့်ငွေထုတ်ယူသည့်အချိန်တွင် ဈေးကွက်နှုန်းအတိုင်း အခြေခံထားသည်။ ထိုင်းဘတ် (THB) သို့မဟုတ် မြန်မာကျပ် (MMK) သို့ လွှဲပြောင်းပါက လက်ရှိငွေလဲနှုန်းအတိုင်း ပြောင်းလဲပေးမည်ဖြစ်သည်။

ငွေများ အကောင့်သို့ ရောက်ရှိရန် ဘယ်လောက်ကြာမလဲ?
ငွေထုတ်ယူမှုကို တောင်းဆိုပြီးနောက် ၁ ရက်မှ ၅ ရက်အတွင်း သင့်ဘဏ်အကောင့် သို့မဟုတ် Kpay အကောင့်သို့ ရောက်ရှိမည်ဖြစ်သည်။ သို့သော် ငွေလွှဲနည်းနှင့် ဘဏ်၏လုပ်ငန်းစဉ်ပေါ်မူတည်၍ ကြာချိန် ကွာခြားနိုင်သည်။

  • ငွေထုတ်ယူမှုကို အမြန်ဆုံးလုပ်ဆောင်ပေးသော်လည်း ၁ ရက်မှ ၅ ရက်အတွင်း စောင့်ဆိုင်းရန် လိုအပ်ပါသည်။

အကူအညီလိုပါက Sonorous Zen ၏ Customer Service ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Related Articles