သီချင်းဖြန့်ချီရန် ဖြည့်စွည့်ရမည့် အချက်အလက်များ နားလည်ထားခြင်း

Sonorous Zen ၏ Create Release ကို အသုံးပြု၍ သင့်သီချင်းများကို ကမ္ဘာတစ်ဝှမ်းရှိ ပလက်ဖောင်းများသို့ အဆင့်ဆင့် တင်ပို့နိုင်ပါသည်။ အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပါ။

RELEASE GUIDELINES

2/16/20251 min read

သီချင်းဖြန့်ချီရန် ဖြည့်စွည့်ရမည့် အချက်အလက်များ နားလည်ထားခြင်း

Sonorous Zen ၏ Release Uploader ကို အသုံးပြု၍ သင့်သီချင်းများကို ကမ္ဘာတစ်ဝှမ်းရှိ ပလက်ဖောင်းများသို့ အဆင့်ဆင့် တင်ပို့နိုင်ပါသည်။ အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပါ။

၁။ အပ်လုဒ်စတင်ခြင်း

  • Sonorous Zen အကောင့်သို့ ဝင်ရောက်ပါ

  • Release ကဏ္ဍတွင် Create ကိုနှိပ်ပါ။

၂။ Basin Information" အခြေခံအချက်အလက်များ ဖြည့်သွင်းခြင်း

  • Release/Album Title (သီချင်းခေါင်းစဉ် (သို့) အယ်လ်ဘမ်ခေါင်းစဉ်): သီချင်း သို့မဟုတ် အယ်လ်ဘမ်ခေါင်းစဉ်ကို ထည့်သွင်းပါ။

  • Artwork (ဓာတ်ပုံ): သင့်ကိုယ်ပိုင်အနုပညာပုံကို တင်ပါ Cover Artwork Requirements နှင့်ကိုက်ညီအောင် ပြင်ဆင်ပါ။

  • Release Type: Single၊ EP၊ သို့မဟုတ် Album ကို ရွေးချယ်ပါ။

  • Primary Artist (အနုပညာရှင်အမည်): သီချင်း၏ ပင်မအနုပညာရှင်အမည် ရွေးချယ်ပါ။

  • Upload Track (သီချင်းဖိုင် WAV, MP3): WAV သို့မဟုတ် MP3 ဖိုင်ကိုတင်ပြီး Upload ကိုနှိပ်ပါ။

  • Primary Genre: သင့်ထုတ်ဝေမှုကို အကောင်းဆုံးသတ်မှတ်ပေးမည့် ဂီတအမျိုးအစားကို ရွေးပါ။

  • Select Languages: သီချင်းရဲ့ဘာသာစကားကို ရွေးချယ်ပါ။။

  • Copyright Line (မူပိုင်ထုတ်လုပ်သူ): မူပိုင်ခွင့်ရှင်အမည် ထည့်သွင်းပါ။

  • Release Date (ထုတ်လွှင့်မည့်ရက်): သီချင်းထုတ်ပြန်မည့်ရက်စွဲ သတ်မှတ်ပါ။

  • Version Line: Remix သို့မဟုတ် အထူးဗားရှင်းကို ရွေးချယ်ပါ (မလိုအပ်ပါက ကျော်နိုင်သည်)။

  • UPC: Universal Product Code ရှိပါက ထည့်သွင်းပါ။ (မရှိပါက ကျော်နိုင်သည်)

၃။ Stores/Services" ပလက်ဖောင်းများ ရွေးချယ်ခြင်း

  • Select Stores/Services: သင့်သီချင်းကို ဖြန့်ချိလိုသော ပလက်ဖောင်းများကို ရွေးချယ်ပါ။ ပလပ်ဖောင်း 400+ကျော်ကို တစ်ပြိုင်နက် ရွေးချယ်ရန် 'Toggle All' ကို ရွေးပါ။ မရွေးချယ်ပါက ပလက်ဖောင်းအားလုံးသို့ အလိုအလျောက်ဖြန့်ပါမည်။

  • Lyrics (သီချင်းစာသား): သီချင်းစာသားများကို ထည့်သွင်းပါ။ Explicit Content ပါဝင်ပါက အောက်တွင်အမှန်ခြစ်ပေးပါ။

  • Does this song contain explicit content? (သင့်သီချင်းတွင် လိင်ပိုင်းဆိုင်ရာ၊ ကြမ်းတမ်းသောစာသား ပါဝင်ပါသလား): Explicit Content ပါဝင်ပါက ရွေးချယ်ပါ။

  • Previously Released? (ဒီသီချင်းသည် အရင်က ဖြန့်ဝေဖူးလား): ယခင်က ဖြန့်ဖြူးဖူးပါက အမှန်ခြစ်ပါ။

  • TikTok Start Time: TikTok တွင် အသုံးပြုနိုင်မည့် အချိန်ကို သတ်မှတ်ပါ။

  • Release Link: သီချင်းထုတ်ပြန်ပြီးပါက လင့်ခ်ကို အလိုအလျောက်ရရှိပါမည်။ (ဖြည့်ရန်မလိုပါ)

၄။ Terms & Agreement" စည်းကမ်းချက်များနှင့် သဘောတူညီချက်

  • Review Notes သင်၏စာလုံးပေါင်း၊ ကာဗာနှင့် အသံဖိုင်များကို ပြန်လည်စစ်ဆေးရန်တိုက်တွန်းလိုပါသည်။
    အနုပညာရှင်အမည်၊ တေးရေးဆရာအမည်နှင့် သီချင်းခေါင်းစဉ်များ အင်္ဂလိပ်လို ဖြည့်ပေးရန် လိုအပ်ပါသည်။
    သင့်ထုတ်ဝေမှုကို ဖြန့်ဝေရန် အသင့်ဖြစ်နေပြီဟု သင်ယုံကြည်ပါက၊ အောက်ပါထုတ်ဝေမှုကို ဆက်လက်ထုတ်ဝေရန် ဆက်လက်လုပ်ဆောင်ပါ။
    အသိပေးချက်အနေဖြင့်၊ သင်၏ထုတ်ဝေမှုကို ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့၏ အရည်အသွေးထိန်းချုပ်မှုတန်းစီထဲသို့ ဝင်ရောက်သွားပါမည်။
    ဖြစ်နိုင်ချေရှိသော ထုတ်ဝေမှုအမှားအယွင်းများပေါ်မူတည်၍ ဤလုပ်ငန်းစဉ်သည် 1-7 ရက်ကြာမြင့်နိုင်ပါသည်။

  • Is This Song Exclusive? (သီချင်းသည် သင့်ပိုင်ဆိုင်မှု ၁၀၀% ဖြစ်ပါသလား): မပိုင်ဆိုင်ပါက လိုင်စင်စာရွက်စာတမ်း တင်ပြပါ။

  • Agreement & Policy:

    • YouTube Content ID: သီချင်းကို ၁၀၀% ပိုင်ဆိုင်ကြောင်း အတည်ပြုပါ။

    • Music Ownership: သီချင်းသည် 100% ကိုယ်ပိုင်တေးဂီတဖြစ်ကြောင်း အတည်ပြုပါ။

    • Sonorous Zen Agreement: Sonorous Zen ၏ သဘောတူညီချက်နှင့်မူဝါဒအတိုင်း ဆန့်ကျင်မှုမရှိကြောင်း အတည်ပြုပါ။


၅။ အပ်လုဒ်ပြီးဆုံးခြင်း

  • Terms of Use ကို သဘောတူပြီး Submit ကိုနှိပ်ကာ အပ်လုဒ်လုပ်ပါ။

အရေးကြီးသော မှတ်ချက်များ

  • သီချင်းအား ထုတ်ပြန်မည့်ရက်မတိုင်မီ အနည်းဆုံး ၂ ပတ်ကြိုတင်၍ တင်ပါ။

  • အပ်လုဒ်လုပ်ပြီးနောက် ကျွန်ုပ်တို့၏ Content Team မှ ၁-၄ ရက်အတွင်း စစ်ဆေးမှုလုပ်ဆောင်ပါသည်။

  • အကူအညီလိုပါက support@sonorouszen.com သို့ ဆက်သွယ်ပါ။